Wednesday, November 5, 2008

Nyan Oo Maung - Bio Data


ဉာဏ်ဦးမောင်


၁၉၆၄ ဖေဖော်ဝါရီ ၁၁ တွင် ဦးအုံးမောင်၊ ဒေါ်နှင်းရည်တို့မှ ဖလံဂုဏ်ရွာ၊ ရေဦးမြို့နယ်တွင် မွေးဖွား


ရွာဦးကျောင်း ဆရာတော်ဦးကေသရ၊ ဦးသုမနတို့ထံက အခြေခံ သင်ပုန်းကြီး၊ ဘာသာရေးနှင့် စာပေများ သင်ယူခဲ့


၁၃ နှစ်တွက် ရှင်သာမဏေအဖြစ် ခံယူ


ရေဦးမြို့ ချမ်းသာကြီးတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တို့တွင် ပရိယတ္တိကျမ်းစာများ သင်ယူ


ရန်ကုန် မဟာစည်သာသနာ့ရိပ်သာနှင့် ပဏ္ဏိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာတို့တွင် ၀ိပဿနာတရားတော်များ ပွားများခဲ့


၁၉၉၆ ၀န်းကျင် အတွေးအမြင် စာစဉ်ပါ “စေတနာမမှန်သော စေတနာစကား” ဆောင်းပါးဖြင့် စာပေနယ်သို့ ၀င်ရောက်ခဲ့


အတွေးအမြင်၊ ရွှေအောင်လံ၊ ရနံ့သစ်၊ ကလျာ၊ အပ္ပမာဒ၊ ဓမ္မရတနာ၊ ရတနာမွန်၊ သာထွန်းပြန့် စာစောင်များတွင် အခါအားလျော်စွာ ဘာသာရေး၊ လူမှုရေး နှင့် အတွေးအမြင်ဆောင်းပါးများ ရေးသားခဲ့


၂၀၀၂ တွင် “ကမ္ဘာကြီး ငြိမ်းချမ်းပါစေ” အမည်ဖြင့် ဆောင်းပါးပေါင်းချုပ် စာအုပ်ထုတ်ဝေ


၂၀၀၇ တွင် “မကြီးရင့်သေးပေမယ့် အသီးအပွင့်လေးတွေနဲ့ ဝေဆာနေခဲ့သူ” ဆောင်းပါးပေါင်းချုပ် စာအုပ် ထုတ်ဝေ


ပြည်တွင်း ပြည်ပထုတ် စာစောင်များ၊ အင်တာနက်စာမျက်နှာတို့တွင် အခါအားလျော်စွာ စာရေးသားလျက်ရှိ


ကယ်လီဖိုးနီးယား ဆန်ဟိုဇေးစတိတ် ယူနီဗာစီတီ တွင် စိတ်ပညာအထူးပြုဘာသာရပ်ဘွဲ့ တက်ရောက်လျက်ရှိ


၁၉၉၉ မှ ယနေ့တိုင် အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရ ဓမ္မရိပ်သာတွင် သီတင်းသုံး တရားဟော၊ တရားပြလျက်ရှိ

No comments: