Tuesday, September 23, 2008

Bio Data of Maung Swan Yi

မောင်စမြ်းရည်

မောင်စွမ်းရည် ( ၁၉၃၇ - )

အမည်ရင်း - ဦးဝင်းဖေ၊

မိဘ - ဦးသိန်းဖေ (ရွာသူကြီး၊ မူလတန်း ကျောင်းအုပ်)၊ ဒေါ်တင်ကြည်၊

ဇာတိ - မြင်းခြံမြို့နယ်၊ ကန်ဆင့်တောင်ရွာ၊

မွေးချင်း - ၇ ဦး အနက် အကြီးဆုံး၊

မွေးနှစ် - ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊

ပညာရေး - ဝိဇ္ဇာ၊ ပညာရေး ဒီပလိုမာ၊ စာကြည့်တိုက်ပညာ ဒီပလိုမာ၊

အလုပ် - ကျောင်းဆရာ၊ သမိုင်း - ပြည်သူ့ နီတိ - မြန်မာစာ သင်ရိုး အဖွဲ့ဝင်၊ မြန်မာစာသင်ရိုး လက်ထောက်၊ အခြေခံ ပညာ ဦးစီး ဌာန စာကြည့်တိုက်မှူး (ငြိမ်း)၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက် ပညာ ဌာန ပြင်ပ ကထိကနှင့် စာစစ်၊ ပညာ တန်ဆောင် ပညာရေး မဂ္ဂဇင်း အတိုင်ပင်ခံ အယ်ဒီတာ အဖွဲ့ဝင်၊

မြင်းခြံ အစိုးရ အထက်တန်းကျောင်း၊ မန္ဈလေး အထက (၁)၊ မန္ဈလေး တက္ကသိုလ်၊ ရန်ကုန် ပညာရေး တက္ကသိုလ် များတွင် ပညာ သင်ကြားခဲ့ပြီး၊ ဝိဇ္ဇာဘွဲ့၊ ပညာရေး ဒီပလိုမာ၊ စာကြည့်တိုက် ဒီပလိုမာ ဘွဲ့များ ရရှိခဲ့သည်။

ဇနီး ဖြစ်သူမှာ ဒေါ်ခင်နွဲ့ကြည် ဖြစ်ပြီး၊ သားသမီး ၄ ဦး ထွန်းကားခဲ့သည်။

စာပေ အတွေ့အကြုံ

- ၁၉၅၃ ခုနှစ် - မန္ဈလေး အထက (၁) ကျောင်းသား သမဂ္ဂ စာစောင်တွင် ကဗျာ စတင်ရေး၊

- ၁၉၅၉ ခုနှစ် - မန္ဈလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း ကော်မတီ အတွင်းရေးမှူး၊

- ၁၉၅၇ - ၅၉ - ကျောင်းသား သမဂ္ဂ အမှုဆောင်၊

- ၁၉၆၁ - ၆၂ - မန္ဈလေး တက္ကသိုလ် ကလောင်ရှင် အသင်း အတွင်းရေးမှူး။

- ၁၉၆၂ - ၂ဝဝ၂ (မြန်မာပြည်တွင်း)

အထက် မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း အလုပ်အမှုဆောင် (တွဲဖက် အတွင်းရေးမှူး)၊ လူထု သတင်းစာ၊ ရှုမဝ၊ ငွေတာရီ၊ မိုးဝေ၊ စာပေဂျာနယ်၊ သောင်းပြောင်း ထွေလာ၊ မြားနတ်မောင်၊ ရွှေဝတ်မှုန်၊ မန္ဈလေး ဂျာနယ်၊ ဗြူတီ စသည့် စာနယ်ဇင်း များတွင် ကဗျာနှင့် စာပေ ဝေဖန်စာများ ရေးသား။ မြန်မာ့ ရိုးရာ လူထုတေး၊ ပေပုရပိုက် စုဆောင်း၊

- ၂ဝဝ၂ နှင့် နောက်ပိုင်း (မြန်မာပြည် ပြင်ပ)

၂ဝဝ၂ နိုဝင်ဘာ - နယ်သာလန် နိုင်ငံ အမ်စတာဒမ်မြို့ လေဒင် တက္ကသိုလ် အာရှ စာပေ နှီးနှော ဖလှယ်ပွဲတွင် တက်ရောက် စာတမ်း ဖတ်ကြား။

၂ဝဝ၃ -

(၁) အိုင်အိုဝါ တက္ကသိုလ် နိုင်ငံတကာ စာရေး ဆရာများ အစီအစဉ်သို့ ၃ လ တက်ရောက်၊

(၂) နီဘရာစတာမြို့ KHN အနုပညာ စခန်းဝင်၊

(၃) ဝါရှင်တန် တက္ကသိုလ် FBC နှစ်လည်ပွဲတွင် တက်ရောက် စာတမ်း ဖတ်ကြား၊

၂ဝဝ၄ - ၂ဝဝ၅ မြောက်အီလီနွိုက် တက္ကသိုလ် Center for Burma Studies တွင် သုတေသီ အဖြစ် တာဝန် ထမ်းဆောင်၊

၂ဝဝ၅ - ဂျပန်နိုင်ငံ မိုးသောက်ကြယ် စာကြည့်တိုက် နာယက၊

၂ဝဝ၆ - (၁) DVB, RFA အသံလွှင့် ဌာနများ၏ အသံလွှင့် ဆောင်းပါးရှင် (ရွှေဒေါင်းတောင် ကဏ္ဍ)၊

၂ဝဝ၇ - (၁) VOA အသံလွှင့် ဌာန၏ သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်၊

ယခု မိုးမခ Radio and Multimedia ၏ အကြံပေး၊ အခါအားလျော်စွာ ပြည်ပရောက် မြန်မာများ၏ စာအုပ် စာစောင် ထုတ်ဝေရေး လုပ်ငန်းများ အတွက် အတိုင်ပင်ခံ အယ်ဒီတာ။ ဂျပန် မေခ ရေဒီယို အဖွဲ့ အကြံပေး၊

ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်များ

(၁) စိတြကဗျာများ (ကြည်အောင်နှင့် တွဲဖက်ပြီး) (၁၉၆ဝ)

(၂) အနီနှင့် အပြာ ကဗျာများ (အမျိုးသား စာပေဆုရ) (၁၉၆၄)

(၃) ဟိုချီမင် အကျဉ်းထောင်က ပုလွေသံ (ဘာသာပြန် ကဗျာ) (၁၉၆၄)

(၄) ပြည်သူရှုဒေါင့် စာအုပ် ဝေဖန်ချက်များ (၁၉၆၆)

(၅) မန္တလေးမြို့ရဲ့ မနက်ခင်း ကဗျာများ (၁၉၇ဝ)

(၆) ဂယက် စာပေ ဆောင်ပါးများ (၁၉၇၃)

(၇) မြန်မာ စာပေ ဘာလဲ ဘယ်လဲ (၁၉၇၆)

(၈) အမေ့ခေါ်သံ ကဗျာများ (၁၉၈၇)

(၉) အတွေးကြွယ်ကြွယ်၊ အရေးလွယ်လွယ် အက်ဆေးငယ်များ (ဒေါ်နွဲ့ကြည်နှင့်) (၁၉၉၂)

(၁ဝ) စာပန်းချီ စာစီစာကုံးများ (၁၉၉၆)

(၁၁) ဖိုးဝနဲ့ ဖိုးလှ ကလေး ကဗျာများ (၁၉၉၉)

(၁၂) နံ့သာသူခိုးနှင့် ဝတ္ထုတိုများ (၂ဝဝဝ)

(၁၃) ကဗျာဆရာ့အဖေ ကဗျာဆရာ့အမေ (၂ဝဝ၂)

(၁၄) သူတို့နှင့် ကျနော် (၂ဝဝ၂)

(၁၅) ဘာလဲဟဲ့ မောင်စွမ်းရည် (၂ဝဝ၇)

No comments: