Tuesday, September 23, 2008

Bio Data of Aung Way

ကဗျာဆရာ အောင်ဝေး

၁၉၅၄ ခု၊ ဇူလိုင် ၂၃ ရက်တွင် ညောင်လေးပင်မြို့တွင် အဖ တပ်ကြပ်ကြီး အေးမောင် (ငြိမ်း)၊ အမိ ဒေါ်ကြည်တို့ မွေးဖွားသည်။

၁၉၆ဝ - ၁၉၇၂ ပုသိမ်မြို့ ဘီဘီအမ်ကျောင်း (နောက် အထက - ၃) တွင် အခြေခံပညာ အထက်တန်းထိ သင်ယူခဲ့သည်။ ၁၉၇၃ - ၁၉၇၆ ပုသိမ်ကောလိပ်၊ ၁၉ဝဝ - ဝ၁ တက္ကသိုလ် စာပေးစာယူ သင်တန်း၊ ၁၉၈၂ ရန်ကုန် တက္ကသိုလ် မဟာဝိဇ္ဇာ နောက်ဆုံးတန်း (မြန်မာစာ) တက်ခဲ့သည်။

၁၉၈၂ တွင် မိုးဝေနှင့် ရူမဝ မဂ္ဂဇင်းများမှ တဆင့် စာပေလောကသို့ ဝင်ခဲ့သည်။ ၁၉၈၈ တွင် ဆရာ နတ်နွယ်နှင့် တွဲ၍ နွယ်နီ မဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၉၉ - ၂ဝဝဝ ရနံ့သစ်၊ မိုး၊ မုခတို့တွင် အယ်ဒီတာ အဖြစ် တာဝန် ယူခဲ့သည်။

၁၉၈၁ တွင် ဒေါ်ခင်ဆွေရီနှင့် အိမ်ထောင်ကျသည်။ လရောင်ဝေး၊ လပြည့်ဝေး၊ လမင်းဝေ သားသုံးယောက် ထွန်းကားခဲ့သည်။

၁၉၉၈ ခုတွင် ဖြူးမိတ်ဆွေများ စာကြည့်အသင်း ကဗျာဆု ရရှိသည်။

စာပေနှင့် နိုင်ငံရေး ယုံကြည်ချက်များ၊ လွတ်လပ်ခွင့်များအတွက် ၎င်း၏ လှုပ်ရှားမှုများကြောင့် ၁၉၇၆ မှ ၁၉၇၉၊ ၁၉၈၈ နှင့် ၁၉၈၉-၉၁ နှစ်များတွင် အာဏာရှင်တို့က ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရသည်။

၂ဝဝ၇ ခုနှစ်၊ သံဃာတော် အရှင်သူမြတ်များ ဦးဆောင်သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ တက်ကြွစွာ ပါဝင် ထောက်ခံ အားပေးခဲ့သဖြင့် ထိုင်း - မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိသဖြင့် ယခုအခါ အမေရိကားမှာ နေထိုင်နေရင်း ပြည်ပမှာ ထုတ်ဝေနေတဲ့ စာစောင်များနှင့် မြန်မာပိုင်း ရေဒီယို အသံလွှင့် အစီအစဉ်များတွင် စာပေရေးရာနှင့် နိုင်ငံရေးရာ ဆောင်းပါးများ ရေးသားလျက် ရှိသည်။

မိုးမခ စာနယ်ဇင်းအဖွဲ့၏ ပင်တိုင် စာရေးဆရာတဦးအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။

No comments: