ဝင်းဖေ (၁၉၃၆ - )
၁၉၃၆ - မန္တလေး၌ မွေးဖွား၊ မိသားစု ထုံးတမ်း အရ ငယ်စဉ် ကတည်းက ဂီတနှင့် ပန်းချီ မသင်မဖြစ် သင်ကြားခဲ့ရ။
၁၉၅၁ - ၁၉၅၉ မန္ဈလေး တက္ကသိုလ် နှင့် ရန်ကုန် တက္ကသိုလ် တို့တွင် ပညာ သင်ကြား၊ ဘွဲ့မရခဲ့။ ဒုတိယ ကမ္ဘာစစ်ပြီးခေတ် မြန်မာ ခေတ်ပေါ် ပန်းချီ စတင် လိုက်စားသူ ၆ ဦး အနက် တဦး ဖြစ်ခဲ့။ ပန်းချီ ပြပွဲ များစွာတွင် ပါဝင် ခဲ့သော်လည်း တကိုယ်တော် ပြပွဲ ယခုထိ မပြုလုပ် ဖြစ်သေး။
၁၉၅၉ - ၁၉၆၂ မန္ဈလေး အခြေစိုက် လူထု သတင်းစာနှင့် စာပေတိုက်တွင် လက်သင် နိုင်ငံခြားရေး အယ်ဒီတာနှင့် သရုပ်ဖော် ပန်းချီ ဆရာ၊ ကာတွန်း ဆရာ လုပ်ကိုင်။
၁၉၆၂ - ၁၉၆၄ မြန်မာပြည် မြောက်ပိုင်း ကချင် ပြည်နယ်တွင် ကျောက်စိမ်း သွားတူး။
၁၉၆၄ - ၁၉၆၆ ရတနာ ကုန်သည်။
၁၉၆၆ - ၁၉၇၃ မန္ဈလေးရှိ အနုပညာ ဦးစီး ဌာန ပန်တျာနှင့် အကကျောင်းတွင် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်။
၁၉၇၃ - ၁၉၉၄ ဝတ္ထုတို၊ ရုပ်ရှင် ဇာတ်လမ်း နှင့် ဇာတ်ညွှန်းများ ရေးသား၊ ရုပ်ရှင် ဒါရိုက်တာလုပ်၊ နောက်ပိုင်းတွင် ဗီဒီယို ထုတ်လုပ်ရေးပါ လုပ်ကိုင်။ ၁၉၈၁ အကောင်းဆုံး ဒါရိုက်တာ အဖြစ် အကယ်ဒမီဆု ရခဲ့၊ အခြားသော အကယ်ဒမီ ဆုများ ကိုလည်း ၎င်းရိုက်ကူးသည့် ရုပ်ရှင်များမှ ဆွတ်ခူးခဲ့၊
ပန်းချီလည်း ဆွဲ။
၁၉၉၄ - အမေရိကန် အစိုးရ၏ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ဖြင့် ယူစီအယ်လ်အေနှင့် ဟောလိဝုဒ်တွင် တလတာ လေ့လာရေး ခရီး ထွက်ခဲ့။ နောက်ပိုင်းတွင် အိုင်အိုဝါ တက္ကသိုလ် နိုင်ငံတကာ စာရေး ဆရာများ အစီအစဉ်သို့ တက်ရောက်၊ ဂုဏ်ထူးဆောင် ပညာရှင် အဖြစ် ချီးမြှင့်ခံရ။
၁၉၉၅ - ၁၉၉၆ အလွတ်တန်း စာရေးဆရာ၊ ပန်းချီဆရာ အဖြစ် နယူးယောက် မြို့တွင် ရပ်တည်။
၁၉၉၇ - ၂ဝဝ၅ လွတ်လပ်သော အာရှ အသံ ရေဒီယို ဌာနတွင် အကြီးတန်း အသံလွှင့်သူ၊ အကြီးတန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့၊ ရေဒီယို အစီအစဉ် များနှင့် ဆောင်းပါး များစွာ ရေးသား ထုတ်လွှင့်ခဲ့။
၂ဝဝ၅ မှ ယနေ့ အထိ - ရေဒီယို ဌာနမှ အနားယူ၊ အချိန်ပြည့် ပန်းချီဆရာ စာရေးဆရာ အဖြစ် ရပ်တည်၊ မိုးမခ၏ အကြံပေး အမှုဆောင် လူကြီး အဖြစ် ကူညီပေး၊
၂၀၀၆ မှ စတင်ပြီး ဗွီအိုအေတွင်၎င်း၊ ၂၀၀၇ မှ စပြီး ဘီဘီစီတို့တွင်၎င်း ပင်တိုင်ရေဒီယို ဆောင်းပါးရှင်အဖြစ် တင်ဆက်လျှက်ရှိသည်။
လောလောဆယ် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိ။
No comments:
Post a Comment